အဖြူရောင်လွင်ပြင်အား လာရောက်လည်ပတ်သူများ ရေလိုအေးလို့ ပန်းလိုလန်းဆန်းနိုင်ကြပါစေဗျာ





Sunday, November 17, 2013

ပြင်ဦးလွင် မီးပုံးပျံပွဲတော်



မြူလွှလွှနှင်းမှုန်တွေကြား ချမ်းအေးမှုတို့ နဲ့လှုပ်ရှား
တတ်ကြွလို့ စုံညီ ဒီညမှာ မီးပုံးပျံပွဲဟာခမ်းနားစွာ
ကျင်းပလို့ နွှဲပျော်ကြ တန်ဆောင်တိုင်ရဲ့ လပြည့်ညပေါ့…………
ဖြာလင်းတဲ့မီးရောင်စုံကြား ပျားပန်းခတ်လို့ဝင်စား
ရှမ်းအိုးစည်တီးသံ မိုးထက်ညံ
တို့ နဲ့အတူကမှာလား ချယ်ရီမြေလှမ်းခဲ့လိုက်ကြ
ပြာလဲ့လဲ့မိုးသားအောက်မှာ အလှဆုံးသောညတစ်ညပါ
တစ်လက်လက်တောက်ပနေတဲ့ ကြယ်စုံခတဲ့တို့ ပွဲတော်
လမင်းကြီးအလင်းရဲ့အောက်မှာ ယဉ်တွဲလို့ ကစို့ကွာ
ဖြူစင်ရိုးသားမှုတို့ ရင်ထဲ အယောင်အဆောင်ကင်းတဲ့တို့ပွဲတော်
နွှဲပျော်…….ကြဖို့ ……ဖိတ်ခေါ်……….
ပြင်ဦးလွင် မီးပုံပျံပွဲတော်
နွှဲပျော်…….ကြဖို့ ……ဖိတ်ခေါ်………..
နွှဲပျော်…….ကြဖို့ ……ဖိတ်ခေါ်………….
ဆုံကြစို့ ပန်းကမ္ဘာမြေမှာ တောင်လှေကားအတိုင်းတတ်လို့ လာပါ
မခွဲခြားဘူးတောင်ပေါ်မြေပြန့် ဟာ တစ်သွေးသားထဲညီအစ်ကိုရင်းပဲကွာ
အမှတ်တရတွေမေ့နိုင်မလား ခိုင်ခိုင်တွဲ  တို့ရဲ့လက်များ……….
ကြည်နူးမှုလေးတွေခံစား အေးမြလို့ ငြိမ်းချမ်းစေသား
မင်းကြိုက်တဲ့စတော်ဘယ်ရီသီးရယ် ချိုရှရှဝိုင်တစ်ခွက်နဲ့အတူ
အမောအပန်းတွေဆေးလိုက်စမ်း ကြိုဆိုတယ်…
အသဲထဲ  အမြဲပဲ…..
ပြာလဲ့လဲ့မိုးသားအောက်မှာ အလှဆုံးသောညတစ်ညပါ
တစ်လက်လက်တောက်ပနေတဲ့ ကြယ်စုံခတဲ့တို့ ပွဲတော်
လမင်းကြီးအလင်းရဲ့အောက်မှာ ယဉ်တွဲလို့ ကစို့ကွာ
ဖြူစင်ရိုးသားမှုတို့ ရင်ထဲ အယောင်အဆောင်ကင်းတဲ့တို့ပွဲတော်
နွှဲပျော်…….ကြဖို့ ……ဖိတ်ခေါ်……….
ပြင်ဦးလွင် မီးပုံပျံပွဲတော်
နွှဲပျော်…….ကြဖို့ ……ဖိတ်ခေါ်………..
နွှဲပျော်…….ကြဖို့ ……ဖိတ်ခေါ်………….
(စောခူဆဲ)              




0 comments:

Post a Comment