အဖြူရောင်လွင်ပြင်အား လာရောက်လည်ပတ်သူများ ရေလိုအေးလို့ ပန်းလိုလန်းဆန်းနိုင်ကြပါစေဗျာ





Saturday, November 16, 2013

အတ္တသမား


ငါမဟုတ်တဲ့ ငါ့ရုပ်နဲ့
ငါလုပ်လို့နေပြန်၊
ငါကိုသာလက်ကိုင် ထား
မှားခဲ့ဖန်ဖန်
ငါက ဝိဒိဋ္ဌိခံ
သတိပဌာန်ဝေဝါး
ငါ့ကိုငါ မသိငြား
အတ္တသမား။

0 comments:

Post a Comment