အဖြူရောင်လွင်ပြင်အား လာရောက်လည်ပတ်သူများ ရေလိုအေးလို့ ပန်းလိုလန်းဆန်းနိုင်ကြပါစေဗျာ





Friday, September 23, 2011

သိဂ်ါလော ၀ါဒသုတ်မှ…

မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ၀တ်ငါးအင်၊ ဖခင်မယ်တို့တာ။

ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ။

အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့ ဆရာတို့၊ ကျင့်ဖို့ဝတ်ငါးဖြာ။

ညီညာထကြွ၊ ဆုံးမ နာယူ၊ လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး၊ သင်တွေးအံရွတ်၊ တပည့်ဝတ်၊ မချွတ်ငါးခုတာ။

မထီမဲ့ ကင်း၊ အပ်နှင်းဥစ္စာ၊ မိစ္ဆာမမှား၊ ၀တ်စားဆင်ယင်၊ မြတ်နိုးကြင်၊ ငါးအင်လင့်ကျင့်ရာ။

အိမ်တွင်းမူလုပ်၊ သိမ်းထုပ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ၊ ပျင်းရိမမူ၊ ၀တ်ငါးဆူ၊ အိမ်သူ ကျင့်အပ်စွာ။

ထကြွနိုးကြား၊ သနားသည်းခံ၊ ဝေဖန်ထောက်ရူ၊ ဤခြောက်ခု၊ ကျင့်မူ နာယကာ။

ဝစွာကျွေးမွေး၊ ပြုရေးစီရင်၊ နာလျှင်ကုစေ၊ ငှဝေရသာ၊ အခါကိုလွှတ်၊ အရှင့်ဝတ်၊ မချွတ်ငါးခုတာ။

မကောင်းမြစ်တာ၊ ကောင်းရာညွှန်လစ်၊ အသစ်စောကျူး၊ နာဖူး ထပ်မံ၊ နတ်ထံတင်ရာ၊ မေတ္တာလည်းပြု၊ ရဟန်းမူ၊ ခြောက်ခု လွန်သေချာ။

လောကသာရ ဆုံးမစာမှ…

ပညာမျက်စိ၊ မြင်မရှိ၍၊ မသိတရား၊ ယူများလျက်၊ ကြီးပွားမမျှော်၊ ကျိုးမပေါ်သား၊ သူတော်မဟုတ်၊ ယုတ်သည့်စရိုက်၊ လူဆူမိုက်နှင့်၊ မကြိုက်အချစ်၊ ရန်သူစစ်သို့၊ မချစ်ကြိုက်ဘဲ၊ ဝေးစွာရှဲ၍ အမြဲခွာရှင်း၊ ဖဲကြဉ်မင်း။

လူကြီးမိဘ၊ ဆရာစကား၊ စိုးရသခင်၊ ကျေးဇူးရှင်သို့၊ ပြစ်တင်မောင်းမဲ၊ ရိုက်ပုတ်ဆဲလည်း၊ ၀မ်းထဲရုံ့ရုံ့၊ ယုန်လျှင်ကျုံ့သို့၊ ဆိုတုံ့မ၀ံ့၊ ဆောင်းမာန်ညံ့၍၊ ကြောက်ရွံ့ရိုသေ၊ သည်းခံတွေဖြင့်၊ ကောင်းစေနှလုံး ယဉ်စေမင်း။

မိခင် ဖခင်၊ ကျေးဇူးရှင်ကို၊ ချစ်ခင်မြတ်နိုး၊ ဂူပုထိုးသို့၊ ရှိခိုးဦးတင်၊ ကြည်လင်လေး၊ သိမ်းမြန်းမွေး၍၊ လုပ်ကြွေးခယ၊ ရိုတုပ်ကွလျက်၊ ကြီးထသက်အို၊ မျိုးဆွေကိုလည်း၊ တင်ကြိုညွတ်သိမ်း၊ ပိုက်ထုပ်သိမ်း၍၊ မငြိမ်းစဉ်းလျဉ်း၊ ငြိမ်းစေမင်း။

အသက်ရှည်ရာ၊ အနာမဲ့ကြောင်း၊ ကောင်းလှစေချင်၊ ပဲ့ပြင်နိစ္စ၊ ကွပ်ဆုံးမသား၊ မိဘဆရာ၊ စကားနာ၍၊ ကျမ်းစာသိမြင်၊ တတ်အောင်သင်လော့၊ ပေါ်လွင်မပြု၊ ကောင်းရာတုလျက်၊ ကောင်းကောင်းမူမြတ်နိုး၊ ကောင်းအောင်ကျိုး၍၊ ကောင်းကျိုးကိုယ်၌ တည်စေမင်း။

ဆရာလင်းရေးသည့် ဆုံးမစာ

ထန်းရည်အရက်၊ တစ်ချက် ကိုကင်း၊ ဘန်းဘင်း ကဇော်၊ လှော်စာ သောက်စား ပြုသူများ၊ စီးပွားပျက်မည်သိ။

ဗျပ်စောင်းမသွေး၊ ပုလွေနှင့်ဘာဂျာ၊ တီးမူတ်ကာနှင့်၊ ညမှာလျှောက်သွား၊ ပြုသူများ၊ စီးပွားပျက်မည်သိ။

အငြိမ့်ဇာတ်ပွဲ၊ ရုပ်သေးပွဲနှင့် ၊ ပွဲလမ်းသဘင်၊ ပျော်ရွှင်လိုက်စား၊ ပြုသူများ၊ စီးပွားပျက်မည်သိ။

မြင်းပြိုင် ကြက်တိုက်၊ ၀ိုက်အံ့ ကြိုးဆွဲ၊ ဖဲကတ် ပဆစ်၊ မလစ်လောင်းစား၊ ပြုသူများ၊ စီးပွားပျက်မည်သိ။

လူသွမ်း လူသောင်း၊ လူဘူး တောင်းနှင့်၊ မကောင်းမိတ်ဖက်၊ လူသူပျက်တို့၊ ပေါင်းလျက်ယှဉ်သွား၊ ပြုသူများ၊ စီးပွားပျက်မည်သိ။

မလုပ်မကိုင်၊ မိုင်တွေငေးမူ၊ ငယ်မူကျောခင်း။ ပျင်းရိဖင့်စား၊ ပြုသူများ၊ စီးပွားပျက်မည်သိ။

အသက်အန္တရာယ်၊ ဖြစ်စေစဖွယ်၊ ည၀ယ်လမ်းလျှောက်မူ၊ မယေားသားငယ်၊ ကျင့်ဖောက်လွယ်၊ ည၀ယ်လမ်းလျှောက်မူ။

ဘေးရန်သွယ်သွယ်၊ ဖြစ်အံ့ရွယ်၊ ဘ၀ယ် လမ်းလျှောက်မူ။

သူခိုးသို့နှယ်၊ လူထင်ဖွယ်၊ ည၀ယ်လမ်းလျှောက်မူ၊ စည်းစိမ်သွယ်သွယ်၊ ပျက်အံ့ရွယ်၊ ဘ၀ယ်လမ်းလျှောက်မူ။